Sunday, September 23, 2012
Friday, September 21, 2012
““ အမေ ””
ပန်းပွင့်တိုင်းဟာ ရနဲ့တွေနဲ့လွှမ်းခြုံ
ဆေးရောင်စုံခြယ်သ မင်ကိုယ်သဘာဝနဲ့
လောကကို အလှဆင်ကြတယ်။
မိုးကောင်းကင် မျှော်ကြည့်
တိမ်တိုက်တွေရှိတယ်
တောင်တန်းတွေ မျှော်ကြည့်
စိမ့်စမ်းတွေ ရှိတယ်
ပကတိအလှတွေနဲ့
လောကကို တန်ဆာဆင်ကြတယ်။
လူသားတိုင်းယှဉ်ကြည့်
သူတို့မှာ အမေတွေရှိတယ်
ပကတိအနေအထားနဲ့
သင်္ခါရတွေပဲ ခြားနားတယ်။
အမေရဲ့ကောင်းကင်အောက်မှာ
စိမ့်စမ်းလို မေတ္တာမျိုးနဲ့
ပန်းပျိုးကာ နေ့အဆက်ဆက်
အမေ့အသက်နဲ့ ရှင်သန်တယ်
အမေဟာ လူတိုင်းအတွက်
ထာဝရ ကျေးဇူးရှင်ပါပဲ......။
““ အမေနှင့်တူသောအရာ ””
အမေ့မေတ္တာ စမ်းရေပြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုစမ်းရေပြာ ခန်းတတ်လို့။
အမေ့မေတ္တာ ပန်းရွှေကြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုပန်းရွှေကြာ နွမ်းတတ်လို့။
အမေ့မေတ္တာ ကောင်းကင်ပြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုကောင်းကင်ပြာ ပြောင်းတတ်လို့။
အမေ့မေတ္တာ လစန္ဒာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုလစန္ဒာ တိမ်ဖုံးလို့။
အမေ့မေတ္တာ သမုဒ္ဒရာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုသမုဒ္ဒရာ ကျဉ်းလွန်းလို့။
အမေ့မေတ္တာ စကြာဝဠာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုစကြာဝဠာ သေးလွန်းလို့။
တကယ်တော့......
နှိုင်းတုစံထား တူငြားပြုစွာ
ဘယ်ရာမရှိ ကြီးကျယ်ဘိသည်
အမိသည်သာ မြင့်မြတ်လို့။
" စံပြအမေ "
အမေ....ခွဲခွာမှု လောကဓံလှိုင်းတွေကြောင့်
မျက်ရည် တွေတွေစီးလို့
သားကြီးဘေးရန်ကင်းစေကြောင်း
ဆုတောင်းခြင်းများစွာနဲ့
အဝေးရပါကိုမှန်းဆ
တမ်းတကာ လွမ်းရသေးသပေါ့တဲ့။
အမေ့ ရင်ထဲမှာ (ဘ၀ရဲ့) အပူမီးတွေ
ဘယ်လောက်ပင် ဖိစီးနှိပ်စက်ပါစေ
ငါချစ်တဲ့ဒီသားကိုတော့
ဘယ်တော့မှ ဆင်းရဲနွံတင်း
ခြေမဆင်းစေရဘူးတဲ့။
အမေ တင့်တယ်တဲ့ဘ၀မှာ မနေရပေမယ့်
ချစ်စဖွယ် ဒီသား,ဒီသ္မီးတွေကြောင့်
မပျော်လဲပျော်,ပျော်လဲပျော်
စန်းသောတာ လမင်းကြီးပမာ
အအေးဓာတ်ဝေ အပူကို ကိုယ်သာခံစား
အော်...ကမ္ဘာက မကြေငြာပေမယ့်
မြန်မာက အသိမှတ်ပြုပေးတဲ့
ပြာသိုလ်လရဲ့ ည,အခါအေးမြမှု
ငွေလမင်းရဲ့ ထိန်သာတဲ့ အလင်းနဲ့အတူ
အမေရယ်.....
ဒီမေတ္တာ,ဒီကရုဏာတွေ
အမေ့ရဲ့ နှလုံးသားကကြွေကျ
အမေဟာ သားဘ၀ရဲ့
" စံပြမိခင်"ပါပဲ အမေ.....။
မိဘဖွဲ့ကဗျာများ
အာကာကို လွှာပုံပြုပါလို
မေရုကိုတဲ့ စုတ်တံသွင်
မေမေတ္တာ ဂုဏ်ပုဒ်ရေးထုတ် စီချင်။
သို့ပေမဲ့ အိုမိခင်
မြတ်ဂုဏ်အင် လွန်များ။
ဥာဏ်မမီ
ကြံစည်မတတ်နိုင်ပြီမို့
အနန္တဂုဏ်
မှန်သမျှအကုန် ရင်ဝယ်ပြ
ဦးချ ညများ.......
Thursday, September 20, 2012
တခြမ်းပဲ့ သုည
ကံမကောင်းလို့သုညဖြစ်နေခဲ့ပေမယ့်
လက်ရှိဘ၀ကိုမကျေနပ်တာမျိုး
တစ်ရံတစ်ခါမှဖြစ်တည်မလာခဲ့ပါဘူး
လက်ရှိဘ၀ကိုမကျေနပ်တာမျိုး
တစ်ရံတစ်ခါမှဖြစ်တည်မလာခဲ့ပါဘူး
ကိမ်းဂဏန်းတွေရဲ့ နောက်မှာ
တိတ်ဆိတ်စွာနေထိုင်ရင်း
ဖြည့်ဆည်းပေးနေရတဲ့ ဘ၀ကိုကျေနပ်တယ်။
ကိုယ်တိုင်ဘာမှမဟုတ်ဘူးလို့ ခံယူထားတဲ့ကြားက
ကိုယ့်ကို ဖြတ်နင်းကျော်သွားတဲ့ ကိန်းဂဏန်းတွေကို
ကိုယ့်ကို ဖြတ်နင်းကျော်သွားတဲ့ ကိန်းဂဏန်းတွေကို
တစ်ဆင့်မြင့်တင်ပေးရင်း ကျေနပ်ခဲ့တာပါ။
ကံကြမ္မာရက်စက်လိုက်ပုံများ
လုံးဝန်းနေတဲ့ သုညလေးကိုတောင်
တစ်ခြမ်းဖဲ့ချပစ်လိုက်ပြန်ပေါ့၊
ကံဇာတာစန်းတက်တာလား?
ရှေ့တစ်ခြမ်းပဲ့ကျသွားတဲ့ သုညကို
အားလုံးက ''တစ်"လို့မှတ်ထင်နေကြပြီ။
အထင်ခံရနည်းလားဆိုတဲ့ စိတ်နဲ့
ခပ်တည်တည်မနေရဲခဲ့ပါဘူး
မတန်မရာအထင်ခံနေရတာကို ရှက်တယ်၊
အရင်လို မပျော်ပိုက်တော့ဘူး
ကိုယ်ဘာလည်းကိုယ်သိနေတာပဲလေ
နောက်မှာ နေနေကျ
နောက်မှာဆက်နေရင် ပြဿန်ာမဟုတ်ပေမယ့်
" တစ် "မှတ်လို့ ရှေ့မှာထားခဲ့ကြမယ်ဆိုရင်တော့
တကယ်တော့ ဒီကောင်က
သုညတောင်တစ်ခြမ်းပဲရှိတော့တဲ့ကောင်ပါ။
ပေးဆပ်မဲ့သူ
လက်ထပ်ခြင်းဟာ ယောင်္ကျားလေးအတွက်
လွတ်လပ်ခြင်းတွေစတေးရပြီး
မိန်းကလေးအတွက် ပျော်ရွှင်ခြင်းတွေ စတေးရတယ်တဲ့...
ကိုယ်သာမင်းလေးကို ပိုင်ပိုင်နိုင်နိုင် ချစ်ခွင့်ရပြီဆိုရင်
မင်းလေးရဲ့ ပျော်ရွှင်ခြင်းတွေကို မသိမ်းပိုက်ရုံမက
ကိုယ့်ရဲ့ လွတ်လပ်ခြင်းတွေကိုပါ
မင်းလေးကို ပေးမှာပါ
ထာဝရပေါ့ ချစ်သူလေးရေ...............
Subscribe to:
Comments (Atom)

