ဦးယျာဉ်မှူး
Sunday, September 23, 2012
Friday, September 21, 2012
““ အမေ ””
ပန်းပွင့်တိုင်းဟာ ရနဲ့တွေနဲ့လွှမ်းခြုံ
ဆေးရောင်စုံခြယ်သ မင်ကိုယ်သဘာဝနဲ့
လောကကို အလှဆင်ကြတယ်။
မိုးကောင်းကင် မျှော်ကြည့်
တိမ်တိုက်တွေရှိတယ်
တောင်တန်းတွေ မျှော်ကြည့်
စိမ့်စမ်းတွေ ရှိတယ်
ပကတိအလှတွေနဲ့
လောကကို တန်ဆာဆင်ကြတယ်။
လူသားတိုင်းယှဉ်ကြည့်
သူတို့မှာ အမေတွေရှိတယ်
ပကတိအနေအထားနဲ့
သင်္ခါရတွေပဲ ခြားနားတယ်။
အမေရဲ့ကောင်းကင်အောက်မှာ
စိမ့်စမ်းလို မေတ္တာမျိုးနဲ့
ပန်းပျိုးကာ နေ့အဆက်ဆက်
အမေ့အသက်နဲ့ ရှင်သန်တယ်
အမေဟာ လူတိုင်းအတွက်
ထာဝရ ကျေးဇူးရှင်ပါပဲ......။
““ အမေနှင့်တူသောအရာ ””
အမေ့မေတ္တာ စမ်းရေပြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုစမ်းရေပြာ ခန်းတတ်လို့။
အမေ့မေတ္တာ ပန်းရွှေကြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုပန်းရွှေကြာ နွမ်းတတ်လို့။
အမေ့မေတ္တာ ကောင်းကင်ပြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုကောင်းကင်ပြာ ပြောင်းတတ်လို့။
အမေ့မေတ္တာ လစန္ဒာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုလစန္ဒာ တိမ်ဖုံးလို့။
အမေ့မေတ္တာ သမုဒ္ဒရာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုသမုဒ္ဒရာ ကျဉ်းလွန်းလို့။
အမေ့မေတ္တာ စကြာဝဠာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုစကြာဝဠာ သေးလွန်းလို့။
တကယ်တော့......
နှိုင်းတုစံထား တူငြားပြုစွာ
ဘယ်ရာမရှိ ကြီးကျယ်ဘိသည်
အမိသည်သာ မြင့်မြတ်လို့။
" စံပြအမေ "
အမေ....ခွဲခွာမှု လောကဓံလှိုင်းတွေကြောင့်
မျက်ရည် တွေတွေစီးလို့
သားကြီးဘေးရန်ကင်းစေကြောင်း
ဆုတောင်းခြင်းများစွာနဲ့
အဝေးရပါကိုမှန်းဆ
တမ်းတကာ လွမ်းရသေးသပေါ့တဲ့။
အမေ့ ရင်ထဲမှာ (ဘ၀ရဲ့) အပူမီးတွေ
ဘယ်လောက်ပင် ဖိစီးနှိပ်စက်ပါစေ
ငါချစ်တဲ့ဒီသားကိုတော့
ဘယ်တော့မှ ဆင်းရဲနွံတင်း
ခြေမဆင်းစေရဘူးတဲ့။
အမေ တင့်တယ်တဲ့ဘ၀မှာ မနေရပေမယ့်
ချစ်စဖွယ် ဒီသား,ဒီသ္မီးတွေကြောင့်
မပျော်လဲပျော်,ပျော်လဲပျော်
စန်းသောတာ လမင်းကြီးပမာ
အအေးဓာတ်ဝေ အပူကို ကိုယ်သာခံစား
အော်...ကမ္ဘာက မကြေငြာပေမယ့်
မြန်မာက အသိမှတ်ပြုပေးတဲ့
ပြာသိုလ်လရဲ့ ည,အခါအေးမြမှု
ငွေလမင်းရဲ့ ထိန်သာတဲ့ အလင်းနဲ့အတူ
အမေရယ်.....
ဒီမေတ္တာ,ဒီကရုဏာတွေ
အမေ့ရဲ့ နှလုံးသားကကြွေကျ
အမေဟာ သားဘ၀ရဲ့
" စံပြမိခင်"ပါပဲ အမေ.....။
မိဘဖွဲ့ကဗျာများ
အာကာကို လွှာပုံပြုပါလို
မေရုကိုတဲ့ စုတ်တံသွင်
မေမေတ္တာ ဂုဏ်ပုဒ်ရေးထုတ် စီချင်။
သို့ပေမဲ့ အိုမိခင်
မြတ်ဂုဏ်အင် လွန်များ။
ဥာဏ်မမီ
ကြံစည်မတတ်နိုင်ပြီမို့
အနန္တဂုဏ်
မှန်သမျှအကုန် ရင်ဝယ်ပြ
ဦးချ ညများ.......
Subscribe to:
Comments (Atom)

